ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၆.၁၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၄၆၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၃.၁၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၅၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။
ယခုတစ်ပတ်နှိုင်းယှဉ်ချက်အရ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝကျပ် ဈေးမြင့်တက်၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ကျပ်နှင့် ဖွဲနု တစ်အိတ် ၁၂၀၀ကျပ်တို့ဖြင့် ဈေးကျကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ပေါ်ဆန်းမွှေးဆန်ဈေး များတည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲB(1,2)မြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများ ခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(2,3,4)နှင့်ဖွဲနုဈေး တို့ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါ ကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့